ရေဦး ဩဂုတ် ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် စာရေးဆရာများ ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက အဆိုပါ ဌာနပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ကိုဗစ်ကာလ စာဖတ်ဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး ရေဦးမြို့နယ် မဂ္ဂဇင်းကော်မတီ၀င် စာရေးဆရာ၊ သီချင်းရေး ဆရာ ညွန့်ဖူးဝေက “တန်ဘိုးသိမှ တန်ဘိုး ရှိမယ်” အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့်အတူ စာရေးဆရာဖေမြင့်ရေးသားသော ဦးနှောက်တွင် ရင်းနှီးမြုပ်နှံပါစာအုပ်မှ “ဘ၀တိုးတက်မှု ရလိုလျှင်” အကြောင်းအရာကိုလည်းကောင်း၊ လူငယ် စာပေဝါသနာရှင် ပန်းချီဆရာ ဦးမြတ်မင်းမောင်က စာရေးဆရာဖေမြင့်၏ “နှလုံးသားကို လေးပေါ်တင်၍ ပစ်သောအခါ စာအုပ်မှ “ယဉ်ကျေးမှု” စကားလုံးအဓိပ္ပါယ်၊ စာရေးဆရာမ ခင်စမ်းရေက နိုင်ငံကျော် ရုပ်ရှင် နှင့်ဗီဒီယိုသရုပ်ဆောင် မင်းသားကြီး “ကျော်ဟိန်း” ၏ “သူ့ဘ၀ရဲ့သူ့အားမာန်သူ့စိတ်ဓာတ်” အကြောင်းကို လည်းကောင်း၊ လူငယ်စာပေဝါသနာရှင်များဖြစ်ကြသော ကိုညီညီအောင်၊ ကိုနေမျိုးထွန်းတို့က စာရေးဆရာ ဖေမြင့်ရေးသားထားသည့် “ စာဖတ်ရတာ ပျော်စရာ” ၊“ စာအုပ်ထဲမှအနှစ်အရသာ” ကဗျာဆရာ ကျော်ရင်မောင် ( ရေဦး )က “ သစ်နေသောကမ္ဘာ “ကိုယ်တိုင်ရေးကဗျာကို ဖတ်ကြားပြခဲ့ပြီး စာရေးဆရာမ (အထပြအငြိမ်းစား) မစပယ်က “ကျောင်းသားနှင့်စာဖတ်စွမ်းရည်” အကြောင်းတို့ကို ဖတ်ကြား ခဲ့ကြကြောင်း သိရှိရသည်။
သန်းထိုက် (ရေဦး)