လဟယ် သြဂုတ် ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ကိုဗစ်-၁၉ ရောဂါတားဆီးကာကွယ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီက ရောဂါများပြန့်နှံ့မှုမရှိစေရေးအတွက် အထူးကြပ်မတ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ထိုသို့ကြပ်မတ်ဆောင်ရွက်ရာတွင် ယခင် ရပ်ဆိုင်းထားခဲ့သော မြို့အဝင်ဂိတ်(၁)၊ ဂိတ်(၂) တို့ကိုပြန်လည် ဖွင့်လှစ်ပြီး ယခင်နည်း အတိုင်း ဌာနဆိုင်ရာအလိုက် တာဝန်များချမှတ်ပြီး ခရီးသွားပြည်သူများကို ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ခြင်း မြို့တွင်း သွားလာကြသော ပြည်သူများအား Mask များတပ်ဆင်ပြီးသွား လာကြရန်နှင့်လူစည်ကားရာ မြို့တွင်းလမ်းများတွင် နှာခေါင်း စည်းများ တပ်ဆင်ခြင်းမပြုသူများ နှာခေါင်းစည်းများ ပြန်လည်တပ်ဆင်အသုံးပြုရန် ပညာပေးလုပ်ငန်းများကို ဌာနဆိုင်ရာများနှင့် ရပ်ကွက်နေ ပြည်သူများပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ပါမင်းလှိုင်