ထားဝယ် ဖေဖော်ဝါရီ ၁၉
ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ မီးဘေးအန္တရာယ်အသိ ပညာပေးဆွေးနွေးပွဲ Talk Show ကို ယမန်နေ့ မွန်းလွဲပိုင်းက ခရိုင်လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ထားဝယ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ(တာဝန်ပေး) ဦးနိုင်ဝင်း က ပြည်သူများအနေဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်နှင့် သိရှိနိုင်ရန်အတွက် အသိပညာပေးဆွေးနွေးပွဲ Talk Show ဆောင်ရွက်ရခြင်းဖြစ်ကြောင်းပြောကြားပြီး ခရိုင်မီးသတ်ဦးစီးမှူး ဦးသိန်းဇော်မြင့်က မီးဘေး ကာကွယ်ရေး အတွက်မီးသတ် တပ်ဖွဲ့ဝင်များတိုးချဲ့ဖွဲ့စည်းရေးနှင့် အရည်အသွေး ပြည့်ဝ ထက်မြက်အောင် ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲလာသော မီးသတ်ပညာရပ်များကို မီးသတ် တပ်ဖွဲ့ဝင်တိုင်း သိရှိတတ်မြောက်ထားရန်အတွက် လေ့ကျင့်ရေးကို ဦးစားပေးဆောင်ရွက်လျက် ရှိကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များ၏ရည်မှန်းချက်ဖြစ်သော မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းနှင့် ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေး လုပ်ငန်းများကို စွန့်စွန့်စားစား၊ စွမ်းစွမ်းတမံ ဆောင်ရွက်လျက်ရှိကြောင်း၊ မီးဘေးအန္တရာယ်အကြောင်း သိကောင်းစရာများ၊ အကူအညီ တောင်းခံလိုပါက ၁၉၁ နံပါတ်(၃)လုံးအား ရိုက်နှိပ်၍ ဖုန်းခေါ်ဆိုနိုင်ကြောင်း အသိပညာပေးဆွေးနွေးပြောကြားသည်။
ထို့နောက် ဦးစီးအရာရှိ(တာဝန်ပေး)ဦးနိုင်ဝင်းက ဆွေးနွေးပြောကြားပေးပါသော မီးသတ်ဦးစီးမှူးအား ကျေးဇူးတင်ရှိပါကြောင်းနှင့် ဆွေးနွေးပွဲ Talk Show ကို ဆက်လက်ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။
ရွှေပင်လယ်(ထားဝယ်)