လှိုင်းဘွဲမြို့နယ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်

လှိုင်းဘွဲ     ဖေဖော်ဝါရီ   ၁၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြည်သူများအနေဖြင့် အမျိုးသမီးအပေါ် အကြမ်းဖက်မှုနှင့်ပတ်သက်၍ သိရှိနိုင်စေရန်အတွက် အမျိုးသမီးအပေါ် အကြမ်းဖက်မှုမှ တားဆီး ကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ (တာဝန်ပေး) ဦးစောသော်တာ လင်းသန့်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားပြီး မြို့နယ်ဥပဒေရုံး၊ ဥပဒေအရာရှိ ဒေါ်သက်သက်လွင်က အမျိုးသမီးများ အကြမ်းဖက်မှု မရှိစေရေးအတွက် ပြဌာန်းထားသော ဥပဒေများ၊ အရေးယူဆောင်ရွက်နိုင်သည့် ပြစ်ဒဏ် အမျိုးအစားများ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမရှိစေရေးအတွက် ကာကွယ်စောင့်ရှောက် ရမည့် နည်းလမ်းများ၊ တိုင်ကြားနိုင်သည့်နေရာများကို ဆွေးနွေးခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဇင်မိုးအေးက အမျိုးသမီးများအား ကျား/မ တန်းတူအခွင့်အရေးရှိခြင်း၊ အမျိုးသမီးများအနေဖြင့် အကြမ်းဖက်မှုမဖြစ်အောင် မိမိကိုယ်ကို ကာကွယ်စောင့်ရှောက်ခြင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့် ပတ်သက်သည့် သိကောင်းစရာများကို ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

စောဒိ(ပြန်/ဆက်)