တနင်္သာရီ ဖေဖော်ဝါရီလ ၁၉
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့ နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးနိုင်၏ လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုးစောင့်ကြပ်ထိန်းချုပ်နိုင်ရေးနှင့် ဒေသခံမိဘပြည်သူများနှင့် ခရီးသွားပြည်သူများက နေအိမ်မှပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို စနစ်တကျ ဝတ်ဆင်တတ်သည့် အလေ့အကျင့်ကောင်းများကို ဆက်လက် လိုက်နာကျင့်သုံးစေရေး ရည်ရွယ်ပြီး Mask Campaign အသွင်ဖြင့် အစဉ်ဆက်မပြတ် ပြုလုပ်ပေးလျက်ရှိရာ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက် ၇ နာရီ ၃၀ အချိန်က တနင်္သာရီမြို့နယ်၊ ဆင်ခြေဖုန်းကျေးရွာအုပ်စု-လယ်တောင်ယာကျေးရွာ ဈေးအရှေ့တွင် ဆင်ခြေဖုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးရန်အောင်စိုးနှင့် အဖွဲ့က Mask Campaign ပြုလုပ်ပေးကြောင်း သိရှိရသည်။
ထိုသို့ Mask Campaign ပြုလုပ်ရာတွင် ဆင်ခြေဖုန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးရန်အောင်စိုးမှ ဦးဆောင်ကြီးကြပ်လျက် ရပ်ကျေးစာရေးဝန်ထမ်း ဦးထက်အောင်၊ ရာအိမ်မှူးများ၊ လယ်တောင်ယာရွာ အရန်မီးသတ်တပ်ဖွဲ့တာဝန်ခံ ဦးဝင်းညွန့်နှင့် တပ်ဖွဲ့ဝင်များနှင့်အတူ ဈေးသွား/ဈေးလာများ၊ ဈေးရောင်း/ဈေးဝယ်သူများနှင့် ခရီးသွားပြည်သူများအား ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များကို (အခမဲ့)ဖြန့်ဝေပေးကြပြီး (Mask)ကို စနစ်တကျမဖြစ်မနေဝတ်ဆင်ရေး၊ ခရီးသွားလျှင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးကြောင်း လက်မှတ်ကို တပါတည်းယူဆောင်လာရေး၊ ကာကွယ်ဆေးမထိုးနှံရသေးပါက ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံကြရန် အသိပညာပေး မှာကြားခဲ့ကြောင်း သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)