ပေါက်ခေါင်း ဖေဖော်ဝါရီ ၁၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကျင်းပပြုလုပ်သည့် မြို့နယ်အားကစားနှင့်ကာယပညာ ကော်မတီဥက္ကဋ္ဌဖလား အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ပေါက်ခေါင်းမြို့မြို့မ အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်က အဖွင့်အမှာစကား ပြောကြားသည်။ အဆိုပါပြိုင်ပွဲတွင် အမျိုးသားဘောလီဘော၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်၊ ကြက်တောင်၊ မီတာ (၁၀၀) ကျား/ မ၊ မီတာ(၂၀၀) ကျား/ မ၊ အမြင့်ခုန် သံလုံးပစ် စသည့် အားကစားနည်းများပါဝင်ပြီး၊ လည်းကောင်း ဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြည့်ရှု့ အားပေးခဲ့ကြောင်းနှင့် ဗိုလ်လု ပွဲစဉ်နှင့် ဆုချီးမြှင့် ပေးအပ်ပွဲကို ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
သန်းထွန်းအောင်