မအူပင် ဖေဖေါ်ဝါရီ ၁၉
ဧရာဝတီတိုင်းဒေသကြီ၊ မအူပင်ခရိုင် အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် အောက်ဆီဂျင်စက်ရုံထားရှိရာ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးရာ၌ လိုအပ်ချက်မရှိ ဆောင်ရွက်နိုင်ရန်အတွက် ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
အဆိုပါ မအူပင်ခရိုင် အထွေထွေရောဂါကု ဆေးရုံကြီးတွင်ပြည်သူများအတွက် လိုအပ်ပါက အချိန်မီဖြည့်ဆည်းပေးနိုင်စေရေး ဆောင်ရွက် ထားရှိသည့် အောက်ဆီဂျင်စက်ရုံအား ကြည့်ရှုစစ်ဆေးရာ ခရိုင်ပြည်သူ့ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများက အောက်ဆီဂျင်စက် လည်ပတ်မှုနှင့် ထုတ်လုပ်နိုင်မှုများကို ရှင်းလင်းတင်ပြရာ လိုအပ်ချက်ရှိလာပါက ကြိုတင်ပြင်ဆင်နိုင်ရေး ပေါင်းစပ်ဆောင်ရွက်နိုင်ရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အောင်ခိုင်