မြန်အောင်မြို့၌ နှာခေါင်းစည်းတပ်ဆင်ရေး Mask Campaign ပြုလုပ်

မြန်အောင်  ဖေဖော်ဝါရီ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့ နေခြည်ဈေးရှေ့နှင့် ရွှေမြင်တင်လမ်းဆုံတွင် ယနေ့နံနက် (၈:၀၀) နာရီအချိန်က မြန်အောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့်နှာခေါင်းစည်းတပ်ဆင်ရေး MaskCampaign နှင့် ကိုဗစ် - ၁၉ မျိုးကွဲသစ် အိုမီခရွန် (Omicron ) ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းများ ပြုလုပ်ခဲ့သည်။

မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကူးစက်ပျံ့နှံမှုမှ ကြိုတင်ကာကွယ်နိုင် ရန်ရည်ရွယ်၍ မြန်အောင်မြို့နယ် စီမံအုပ်ချူပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ အဖွဲ့ဝင်()ဗိုလ်မှူး အောင်သူရိန်ထွန်းနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ ပူးပေါင်းကာ ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်နိုင်ရန်  ပြည်သူများ နေအိမ်ပြင်ပထွက်ခွာပါက နှာခေါင်းစည်း (Mask) စနစ်တကျတပ်ဆင်ရေး Mask Campain ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဝင်းဗိုလ်