ဘားအံ ဖေဖော်ဝါရီ ၁၉
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မိဇံကျေးရွာအုပ်စု၊ ရွှေကင်းကျေးရွာ၌ အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်ပေးခြင်းကို Door to Door စနစ်ဖြင့် ကွင်းဆင်း၍ ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းပြုလုပ်ပေးခြင်းကို ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူး ဦးစိုးလွင်၏ အနီးကပ်ကြီးကြပ်မှုနှင့် ခရိုင်/မြို့နယ် ဝန်ထမ်းတို့က တစ်အိမ်တက်ဆင်း ကွင်းဆင်း၍ အိမ်ထောင်စု လူဦးရေစာရင်းများကို ပြုလုပ်ပေးခဲ့သည်။
ဆက်လက်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးက အိမ်ထောင်စု စာရင်းများ၊ ဆောင်ရွက်နေမှုများ နှင့်ပတ်သတ်၍ လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်ရန် နိုင်ငံသားတိုင်းအိမ်ထောင်စုစာရင်း၊ နိုင်ငံသားသက်သေခံ ကတ်ပြား တစ်ခုခုကိုင်ဆောင်နိုင်ရေး Door to Door စနစ်ဖြင့် ပြည်သူ့လက်အရောက် ထုတ်ပေးနိုင်ရေး ထပ်ဆင့်မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)