တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး စောမာတင်လူသာ မွန်တိုင်းရင်းသားကိုယ်စားလှယ်များနှင့် တွေဆုံပွဲ သို့တက်ရောက်

ထားဝယ်    ဖေဖော်ဝါရီ ၁၆

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာနှင့် တိုင်းဒေသကြီးရှိ မွန်တိုင်းရင်းသား ကိုယ်စားလှယ်များတွေ့ဆုံပွဲကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီး ဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

တွေ့ဆုံပွဲတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးစောမာတင်လူသာက မွန်တိုင်းရင်းသားကိုယ်စားလှယ်များ အနေဖြင့် မိမိတို့နေထိုင်ရာ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ တွေ့ဆုံပွဲတွင် တင်ပြဆွေးနွေးပေးစေလိုကြောင်း၊ ယနေ့ တွေ့ဆုံခြင်းသည် မွန်တိုင်းရင်းသားအားလုံး၏ အခွင့်အရေးရပိုင်ခွင့်များကို တင်ပြတောင်းဆိုစေလိုကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ပြည်သူများကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ရရှိရေးအတွက် ပန်းခင်း စီမံချက်ဖြင့် ဆောင်ရွက်ပေးနေ သောကြောင့် ပန်းခင်းစီမံချက်တွင် တိုင်းရင်းသားများ အခွင့်အရေးများစွာရှိကြောင်း ပြောကြားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့က မွန်တိုင်းရင်းသား ကိုယ်စားလှယ်များအား ထောက်ပံ့ငွေစုစုပေါင်း ငွေကျပ်(၁၇၀) သိန်းအား ပေးအပ်ခဲ့သည်။

ထို့နောက်တက်ရောက်လာသောမွန်တိုင်းရင်းကိုယ်စားလှယ်များ ကတိုင်းရင်းသားရေးရာကဏ္ဍ၊ ဒေသထွက်ကုန်နှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေးတိုးတက်ရေးကဏ္ဍ၊  လျှပ်စစ်နှင့်စိုက်ပျိုးရေးကဏ္ဍ၊ ကျေးလက် ကုန်ထုတ်လမ်းတံတားနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးကဏ္ဍ၊ တိုင်းရင်းသာရိုးရာ ဓလေ့ထိန်းသိမ်းစောင့်ရှောက်ရေးကဏ္ဍ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကဏ္ဍ၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးကဏ္ဍများအကြောင်းရှင်းလင်းဆွေးနွေးတင်ပြရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသား ရေးရာဝန်ကြီး ဦးစောမာတင်လူသာက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး တိုင်းရင်းသားရေးရာ ကော်မတီအား ထောက်ပံ့ငွေကျပ်(၂)သိန်း အားပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)