ဆင်ပေါင်ဝဲ ဖေဖော်ဝါရီ ၁၉
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင အား ဝန်ကြီးဌာန၌ ပန်းခင်းစီမံချက်အရ မှတ်ပုံတင်လာရောက် လုပ်ကိုင်သူ ပြည်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်လင်းတို့သည် ယမန်နေ့မွန်းလွဲ(၃)နာရီက ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ရောဂါ ကာကွယ်ရေး အသိပညာပေး ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးကကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါသည် ကူးစက်မှုနှုန်းလျှင်မြန်သောကြောင့် အပြင်ထွက်လျှင် နှာခေါင်းစည်း (Mask) တပ်ဆင်ရန်၊ လက်ကိုစနစ်တကျဆေးကြောရန်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ လည်း ထိုးကြရန်၊ သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့သွားရောက်စစ်ဆေးရန် ဆွေးနွေးပြောကြားခဲ့ကြောင်းသိရပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးအရာရှိ ဦးသိန်းလွင်က ပန်းခင်းစီမံချက် ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ရှင်းလင်းတင်ပြခဲ့ရာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။
ချိုချိုဝင်း(ဆင်ပေါင်ဝဲ)