ဆင်ပေါင်ဝဲမြို့နယ်၌ ဒေသဖွံ့ဖြိုးရေး၊ နယ်မြေလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံ

ဆင်ပေါင်ဝဲ ဖေဖော်ဝါရီ ၁၉

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် ဆင်ပေါင်ဝဲမြို့နယ် မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေတို့သည် ယမန်နေ့ နံနက်(၁၀) နာရီအချိန်က လယ်ကျိုးကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာသို့ ရောက်ရှိ၍ ဒေသခံကျေးရွာသူ၊ ကျေးရွာသားများနှင့် တွေ့ဆုံခဲ့ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးက ဒေသဖွံ့ဖြိုးရေး၊ ပညာရေးနှင့်ကျန်းမာရေး ကဏ္ဍများကိုလည်းကောင်း၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေက ရပ်ရွာအေးချမ်းသာယာရေးနှင့် လုံခြုံရေးကိစ္စရပ်များ၊ ကျေးရွာသူ/သားများနှင့် တွေ့ဆုံပွဲပြုလုပ်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ကျေးရွာသူကျေးရွာသားများမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးမေးမြန်းရာ တာဝန်ရှိသူများမှ ပြန်လည် ဆွေးနွေး ဖြေကြားခဲ့ ကြောင်း သိရှိရသည်။

ချိုချိုဝင်း(ဆင်ပေါင်ဝဲ)