မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တိုင်းဒေသကြီးခရီးစဉ် လမ်းညွှန် မှာကြားချက်အပေါ် အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်

မကွေး     ဖေဖော်ဝါရီ     ၁၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ မကွေးတိုင်းဒေသကြီး ခရီးစဉ် လမ်းညွှန် မှာကြားချက်အပေါ် အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက  တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်မှ နိုင်ငံတော်အကြီးအကဲ မကွေးတိုင်း ဒေသကြီးခရီးစဉ် လမ်းညွှန်မှာကြားချက်များနှင့်စပ်လျဉ်း၍ လုပ်ငန်းများအမြန်ဆုံးပြီးစီး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အမှာစကားပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများမှ ဝန်ကြီးဌာနအလိုက် အကောင်အထည် ဖော်ရေး လုပ်ငန်းဆိုင်ရာများအား ဆွေးနွေးတင်ပြခဲ့ပြီး တက်ရောက်လာသူ သက်ဆိုင်ရာဌာနအလိုက် တာဝန်ရှိ သူများက မိမိတို့ လုပ်ဆောင်ရမည့် အလုပ်များနှင့် ပတ်သက်၍ အသီးသီးဆွေးနွေး တင်ပြကာ တင်ပြ ဆွေးနွေးမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားကာ လုပ်ငန်း များ အမြန်ဆုံပြီးစီး အောင်မြင်အောင်ဖော်ဆောင်နိုင်ရေး တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် လိုအပ်သည်များ ကူညီပံ့ပိုးပေး သွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်အကြီးအကဲ တိုင်းဒေသကြီးခရီးစဉ် လမ်းညွှန်မှာကြားချက်များနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာနများက လုပ်ငန်း များ အချိန်နှင့်တစ်ပြေးညီ ဖော်ဆောင်နိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

မောင်ညီညာ