ခမောက်ကြီး ဖေဖော်ဝါရီလ ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ် ဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးမှ ထုတ်ဝေသော မီးဘေး လုံခြုံရေး ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် (191)စတေကာ များကပ်ခြင်းကို ယနေ့ နံနက် (၈)နာရီခန့်က ခမောက်ကြီးမြို့ ဗိုလ်ချုပ်လမ်းမကြီး၊ စာသင်ကျောင်းလမ်းဆုံနှင့်စျေးဆိုင်များ၊ ဆီဆိုင် များတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းသည် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအား အများပြည်သူ သိရှိလိုက်နာ ကြရန်ဖြစ်ပြီး မီးဘေးအန္တရာယ်များ ကြုံတွေ့ လာပါက မီးသတ်ဦးစီးဌာနသို့ အကူညီတောင်းခံနိုင်ရန်အလို့ငှာ (191) စတေကာများ ကပ်ပေးခြင်းတို့ကို ခမောက်ကြီးမြို့ မီးသတ်ဦးစီးဌာနမှ လက်ထောက် မီးသတ်ဦးစီးမှူး ဦးဖြိုးမင်းထိုက် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင် များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်တို့က ပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရူပါမြင့်(ခမောက်ကြီး)