မြောင်းမြခရိုင် (Community Centre)တွင် မူးယစ်ဆေးဝါး အသိပညာပေး နံရံကပ်စာစောင် နှင့်စာအုပ်ပြပွဲကျင်းပပြုလုပ်

မြောင်းမြ ဖေဖော်ဝါရီ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် မူးယစ်ဆေးဝါး အသိပညာပေး နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲကို ယနေ့ နေ့လယ် (:၀၀) နာရီ တွင်ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါး အသိပညာပေး နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲတွင် မူးယစ်ဆေး သုံးစွဲရခြင်း အကြောင်းအရင်း၊ မူးယစ်ဆေးဝါး ပြဿနာကိုဖြေရှင်းခြင်း၊ မူးယစ်ဆေးဝါး အမျိုးအစားများ၊ ဆေးလိပ်သောက်ခြင်း၏ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်နိုင်သော ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ အသိပညာ ပေးကဗျာများ၊ ကာတွန်းများပြသထားပြီး စာအုပ်ပြပွဲတွင် မူးယစ်ဆေးဝါးအသိပညာပေးဗဟုသုတရရှိစေမည့် စာအုပ်များနှင့် အခြားသုတ/ရသစာအုပ်များ ပြသထားကြောင်း သိရသည်။

မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)တွင် ပြည်သူလူထုနှင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတ ရရှိစေရန်အတွက် Talk Show များ၊ ပြိုင်ပွဲများ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများကို ကျင်းပပြုလုပ်ပေးလေ့ရှိကြောင်း သိရပါသည်။

ခရိုင်ပြန်/ဆက်(မြောင်းမြ)