ညောင်တုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါမျိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေးအသိပညာပေး  နံရံကပ်စာစောင်ပြသ

ညောင်တုန်း ဖေဖော်ဝါရီ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးရှေ့မြေစိုက်နံရံကပ်ဘုတ်တွင် ကျန်းမာရေးအသိပညာ ဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါမျိုးဗီဇပြောင်း အိုမီခရွန်ပိုး ကြိုတင်ကာကွယ်ရေးအသိပညာပေး  နံရံကပ်စာစောင်ပြသခြင်းကို ယနေ့  နံနက်၁၀နာရီက ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် အိုမီခရွန် (Omicron)အပါအဝင် ကိုဗစ် -၁၉မျိုးဗီဇ‌ပြောင်း‌ ရောဂါပိုးများ၏ အကြောင်းအရာများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး သတိပြုရမည့်အချက်များ၊ ကျန်းမာရေးဝန်ကြီးဌာန ၏ လမ်းညွှန်ချက်များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေးနှင့်ပတ်သက်သည့် အသိပညာပေးစာစောင်များ စသည့် အကြောင်းအရာများပါဝင်သော နံရံကပ်ပြဘုတ်အား အများပြည်သူများ ကျယ်ကျယ် ပြန့်ပြန့်သိရှိစေရေး ပြသဆောင်ရွက်ထား‌ ကြောင်းသိရသည်။

ထိုသို့ အသိပညာပေးနံရံကပ်စာစောင်များ ပြသခြင်းလုပ်ငန်းကို ပြည်သူ့အကျိုးပြု လုပ်ငန်းတစ်ရပ် အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

မြို့နယ်(ပြန်ဆက်)