ဧရာဝတီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးတင်ဇော်ထွန်း ကျိုက်လတ်မြို့နယ် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများစစ်ဆေး

ကျိုက်လတ် ဖေဖော်ဝါရီ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးတင်ဇော်ထွန်းသည် ကျိုက်လတ်မြို့နယ်  ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည့် မြို့ထိပ် ကိုဗစ်-၁၉ ကျန်းမာရေး  စစ်ဆေးရေးဂိတ်အား ယနေ့နံနက် ၈ နာရီခွဲအချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးတင်ဇော်ထွန်းသည် ကျိုက်လတ်မြို့အဝင် ကျန်းမာ‌ရေးစစ်ဆေးရေးဂိတ်သို့ ရောက်ရှိကာ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ကျိုက်လတ်မြို့သို့ ဝင်ရောက်လာသည့် ခရီးသွားပြည်သူများအား အပူချိန် တိုင်းတာခြင်း၊ ခရီးသွားရာဇဝင်မေးမြန်းခြင်း၊ ကာကွယ်ဆေးထိုးထားမှုရှိမရှိ အထောက်အထားစစ်ဆေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများဆောင်ရွက်နေမှု၊ သံသယလူနာများအား RDT Test Kits ဖြင့် စစ်‌ဆေးဆောင်ရွက်မှုများ ကြည့်ရှုစစ်ဆေးခဲ့ပြီး၊  မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူများကျန်းမာရေးအသိ တိုးမြှင့်လာဖို့ အသိပညာပေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ဖို့ လိုကြောင်း၊ မြို့နယ်အတွင်း ဝင်ရောက်လာသည့် ခရီးသွားပြည်သူများအား ခရီးသွားရာဇဝင်စစ်၍ ကျန်းမာရေးစစ်ခြင်းကြောင့် ပိုးကူးဆက်ပြန့်နှံမှုကို ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကျော်ဇေယျနှင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမင်းသိန်းတို့က မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ Quarantine Centre များထားရှိမှု အ‌ခြေအနေ၊ ပိုးတွေ့လူနာများ ဆေးကုသမှု အခြေအနေ၊ အောက်ဆီဂျင်စက်ရုံ ထုတ်လုပ်နိုင်မှု အခြေအနေများရှင်းလင်း တင်ပြခဲ့ရာ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက လိုအပ်သည်များမှာကြား ဆွေးနွေးပေးခဲ့သည်။

ကျိုက်လတ်မြို့နယ်တွင်  ယနေ့အထိပိုးတွေ့လူနာ (၅၀)ဦးရှိပြီး၊ (၁၇)ဦးမှာဆေးရုံက ဆင်းခွင့်ရရှိ၍ မြို့နယ်ပြည်သူ့  ဆေးရုံတွင်(၁၈)ဦး၊ မိုးကုတ်ဓမ္မရိပ်သာတွင်()ဦး၊ ရုံးဒေါင့်တိုက်နယ်ဆေးရုံတွင်(၆)ဦး ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။

ဌေးဌေးလှိုင်(ကျိုက်လတ်-ပြန်/ဆက်)