မအူပင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် စာသင်ကျောင်းများအား သတ်မှတ်စည်းကမ်း လိုက်နာရေးစစ်ဆး

မအူပင် ဖေဖော်ဝါရီ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင် မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ပညာသင်ကြားလျက်ရှိသော စာသင်ကျောင်းများတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းအား လိုက်နာဆောင်ရွက်စေရေး ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးတိုးဝင်း ဦးဆောင်မှုဖြင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးအဖွဲ့ဝင်များ၊ ပညာရေးဌာနမှ တာဝန်ရှိသူများက ကျောင်းတွင်းကျောင်းပြင် သန့်ရှင်းရေးဆောင်ရွက်ထားမှု၊ လက်ဆေးဘေစင်များ စနစ်တကျထားရှိမှု၊ အပူချိန်တိုင်းတာခြင်းဆောင်ရွက်မှုနှင့် နှာခေါင်းစည်း mask များ စနစ်တကျ တပ်ဆင် ထားရှိမှုများအား မြို့ပေါ်စာသင်ကျောင်းများသို့ သွားရောက်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်ခိုင်(ပြန်/ဆက်)