ဧရာဝတီတိုင်းဒေသကြီးအဝင် ပန်တိုင်စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများစစ်ဆေး

ညောင်တုန်း ဖေဖော်ဝါရီ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး တင်ဇော်ထွန်းသည် ဧရာဝတီတိုင်းဒေသကြီးအဝင် ညောင်တုန်း မြို့နယ် ပန်တိုင်စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းဆောင်ရွက်ချက်များအား ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး တင်ဇော်ထွန်းသည် တိုင်းဒေသကြီးအဝင် ပန်တိုင် ကျန်းမာ‌ရေးစစ်ဆေးရေးဂိတ်သို့ရောက်ရှိကာ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ညောင်တုန်းမြို့နယ် အတွင်းသို့ ဝင်ရောက်လာသည့် ခရီးသွားပြည်သူများအား အပူချိန်တိုင်းတာခြင်း၊ ခရီးသွားရာဇဝင် မေးမြန်းခြင်း၊ ကာကွယ်ဆေးထိုး ထားမှုနှင့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်နေမှု၊ သံသယလူနာများအား RDT Test Kits ဖြင့် စစ်‌ဆေးဆောင်ရွက်မှုများ ကြည့်ရှုစစ်ဆေးခဲ့ပြီး၊ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်သူများ ကျန်းမာရေးအသိ တိုးမြှင့်လာဖို့ အသိပညာပေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ဖို့လိုကြောင်း၊ မြို့နယ်အတွင်း ဝင်ရောက်လာသည့် ခရီးသွားပြည်သူများ အား ခရီးသွားရာဇဝင်စစ်၍ ကျန်းမာရေးစစ်ဆေးခြင်းကြောင့် ပိုးကူးဆက်ပြန့်နှံ့မှုကို ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိုးလှိုင်ဦးတို့က မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ Quarantine Centre များထားရှိမှု အ‌ခြေအနေ၊ ပိုးတွေ့လူနာများ ဆေးကုသမှု အခြေအနေများ ရှင်းလင်းတင်ပြခဲ့ရာ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက လိုအပ်သည်များ မှာကြားဆွေးနွေးခဲ့သည်။ ညောင်တုန်းမြို့နယ် တွင် ဖေဖော်ဝါရီ ၅ ရက်နေ့မှ ယနေ့အထိ ပိုးတွေ့လူနာ (၂၂)ဦးရှိပြီး မြို့နယ်ပြည်သူ့ဆေးရုံနှင့် ဆားမလောက်ဆေးရုံတို့တွင် ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)