သရက် ဩဂုတ် ၂၈
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်အတွင်းရှိ ရေပေါ်ကျွန်းကျေးရွာမှ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဝင်ရောက်သည့် ရေဘေးရှောင်အိမ်ထောင်စု (၆) စုအတွက် ဆန်ရိက္ခာဖိုးများကို ယမန်နေ့က ယာယီစခန်း ဖွင့်လှစ်ထားသော စံပုံတင် ဘုန်းတော်ကြီးကျောင်းတွင် ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ငွေများ ပေးအပ်ရာတွင် လူတစ်ဦးလျှင် တစ်ပတ်စာဆန်ဖိုး (၂၁၀၀/-)နှုန်းဖြင့် စံပုံတင်ကျောင်းရှိ ရေပေါ် ကျွန်းကျေးရွာမှ အိမ်ထောင်စု(၆)စု၊ လူဦးရေ(၂၄)ဦးအတွက် ငွေကျပ်(၅၀၄၀၀/-) ကျပ် ကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်ဇာခြည်ဝင်းနှင့် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲ့မှုဦးစီးဌာနမှ ဦးအောင်မျိုးလတ်တို့က ရေဘေးရှောင် အိမ်ထောင်စု ဝင်များ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ဇော်ဝမ်းထွန်း(အောင်လံ)