ကြာအင်းဆိပ်ကြီး ဖေဖေါ်ဝါရီ ၁၈
ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် (Omicron)ရောဂါ ကူးစက်ပြန့်နှံ့မှု စတင်ဖြစ်ပွားလျက်ရှိရာ မြို့နယ်အတွင်း ကူးစက်ပြန့်နှံ့မှုမရှိစေရေး ကူးစက်ပြန့်နှံ့မှုကို ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ပြည်သူများအားအသိပညာပေးခြင်းနှင့် စောင့်ကြည့် ကြီးကြပ်စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ၌ ဦးစီးဌာနများမှ မြို့နယ် ဦးစီးမှူးများ တာဝန်ရှိသူဝန်ထမ်းများ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ လူမှုရေး အသင်းအဖွဲ့များပါဝင်သည့် ကြီးကြပ်စစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ကာ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းမှစတင်ကာ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အဆိုပါကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် (Omicron) ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်၌ ရောဂါဖြစ်ပွားကူးစက်ခံရမှု (၁၈)ဦးခန့်ရှိခဲ့ပြီး ကူးစက်ပြန့်နှံ့မှုမရှိစေရေး ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများ ရပ်ကွက်အုပ်ချုပ်ရေးမှူး များ နှင့် လူမှုရေးအသင်းအဖွဲ့များပါဝင်ဖွဲ့စည်းထားသည့် စောင့်ကြည့်ကြီးကြပ်စစ်ဆေးရေး အဖွဲ့(၄)ဖွဲ့မှ မြို့အဝင်အထွက်နေရာများ မြို့လယ်လမ်းဆုံနေရာများ၌ မိဘပြည်သူများ အနေဖြင့် မိမိတို့နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာသည့်အခါ ပါးစပ်နှာခေါင်းစည်း Mask တပ်ဆင်ခြင်း စနစ်တကျ တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးခြင်း မြို့အတွင်းသို့ ဝင်ရောက်လာ သည့်အခါ ပါးစပ်နှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင်ခြင်းရှိမှသာ မြို့အတွင်းသို့ ဝင်ရောက်သွားလာခွင့်ပြုခြင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ကြေညာထားသည့် ကာကွယ်ရေးနည်းလမ်းများ စနစ်တကျ နေထိုင်သွားလာရေးနည်းလမ်းများအား မော်တော် ယာဉ်ဖြင့်လှည့်လည်ကာ မိဘပြည်သူများအား အသိပညာပေး နှိုးဆော်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
မျိုးမင်းဦး