မြဝတီ ဖေဖော်ဝါရီ ၁၈
ကရင်ပြည်နယ်၊ မြဝတီခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးတွင်းနံရံ ကပ်ပြဘုတ်တွင် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ အသိပညာပေး နံရံကပ် စာစောင်များကို ယမန်နေ့ နံနက် ၁၀ နာရီအချိန် ကစတင်၍ ပြသဆောင်ရွက်ခဲ့သည်။
အဆိုပါ ရုံးတွင်းနံရံကပ်ပြဘုတ်တွင် မသန်စွမ်းသူများနှင့်စပ်လျဉ်း၍ မသန်စွမ်းသူများအ တွက်သင်တန်းကျောင်း များဖွင့်လှစ် ဆောင်ရွက်ခြင်း၊ မြန်မာနိုင်ငံမသန်စွမ်းသူများ အခြေအနေ၊ နားမကြားသူများအတွက် မြန်မာစံလက် သင်္ကေတပြ ဘာသာစကား သင်တန်းဖွင့်လှစ်ခြင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ ဥပဒေနည်းဥပဒေများနှင့် မသန်းစွမ်းသူများပြုစု စောင့်ရှောက်ရေး လုပ်ငန်း၏ ရည်ရွယ်ချက်စသည့် အကြောင်းအရာများ ပြသထားကြောင်း သိရသည်။
မန်းသန်းရွှေမြင့်(ပြန်/ဆက်)