ကန့်ဘလူမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နှာခေါင်းစည်းတပ်ဆင်ရေး လှုပ်ရှားမှု ဆောင်ရွက်

ကန့်ဘလူ ဖေဖော်ဝါရီ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ခုတင် ၁၀၀ ဆေးရုံအုပ်ဒေါက်တာနေမိုး ဦးဆောင်၍ ​မြို့နယ်ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့သည် ကိုဗစ်- ၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့်  နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှု ပြုလုပ်ခြင်းကို ဖေဖော်ဝါရီ ၁၈ ရက်နံနက် ၈ နာရီက လူစည်ကားရာ တပင်ရွှေထီးလမ်းမကြီးနှင့် မြို့မစျေး တို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ခုတင် ၁၀၀ ဆေးရုံအုပ်ဒေါက်တာနေမိုး ဦးဆောင်သည့်ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ ဝန်းထမ်းများ ပူးပေါင်းအဖွဲ့သည် ကိုဗစ်- ၁၉ ရောဂါ နှင့်ဗီဇပြောင်း အိုမီခရွန် ဗိုင်းရပ်စ်ပိုးကူးစက်ဖြသ်ပွားမှု ကြိုတင်ကာကွယ်ရေးအတွက် လိုက်နာရမည့်နည်းလမ်းများကို အသိပညာပေးဟောပြောခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်း အခုရေ ၁၅၀၀ ကျော်ကို အခမဲ့ဖြန့်ဝေပေးခဲ့ကာ ရေဘေး၊ မီးဘေး၊ လေဘေး၊ငလျင်ဘေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း   သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)