သံတောင်ကြီး ဖေဖော်ဝါရီ ၁၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိစေရှိစေရန်၊ လူငယ်လူရွယ်များ အကောင်းအဆိုး အမှားအမှန်ကိုဝေဖန်ပိုင်းခြားနိုင်ရန် ရည်ရွယ်၍ Book Club အဖွဲ့ဝင်များက စာရေးဆရာချစ်နိုင်(စိတ်ပညာ)၏ ရိုးရိုးကျင့်မြင့်မြင့်ကြံ စာအုပ်အား ယနေ့နံနက် (၁၀) နာရီ အချိန်က သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ စာဖတ်ဝိုင်း ဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နော်ဝုတ် စတီး (ရုပ်သံ-၃) စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြင့် စာဖတ်ခြင်းအကျိုး ကျေးဇူးသိရှိစေရန်၊ အကောင်းအဆိုးအမှားအမှန်ကို ဝေဖန်သုံးသပ်နိုင်စေရန် စသည်တို့ကို ပြောကြားပြီး စောဒီးသယ် (Book Club) စာအုပ်ပါ အကြောင်းအရာဖြစ်သည့် ပေါင်းသင်းဆက်ဆံရေး ၊ နိုင်ငံတကာပြိုင်ဆိုင်မှုနှင့်ကြုံလာ မည့်အောင်မြင်ရေးနီတိ(၇၅)ချက် စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး Book Club အဖွဲ့ဝင် နော်အယ်ခူက ရိုးရိုးကျင့်မြင့်မြင့်ကြံ ၊ ဘဝစာမေးပွဲ ၊တုစရာရှာ၍တူအောင်တုပါ ၊ ဝမ်းသာပီတီဖြစ်မိ၏ စသည် ဖတ်ကြားဆွေးနွေးပြီး တက်ရောက်လာ သည့် Book Club အဖွဲ့ဝင်များက စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေး ဖတ် ကြားခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)