ရေကြည် ဖေဖော်ဝါရီ ၁၈
ယခုအခါ ပွင့်လင်းရာသီရောက်ရှိလာပြီ ဖြစ်သည့်အတွက် ရေကြည်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် (၉) နာရီ အချိန်က မြို့မစျေးအတွင်း၌ မီးငြှိမ်းသတ်မှု လက်တွေ့သရုပ်ပြခြင်းလုပ်ငန်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ရုံးဝန်ထမ်းများနှင့် ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးဘေးအန္တရာယ်ကာကွယ်ရေးနှင့် မီးငြှိမ်းသတ်နည်းများအား မီးသတ်တပ်ဖွဲ့ဝင်များက လက်တွေ့သရုပ်ပြခဲ့ပြီး လက်တွေ့မီးငြှိမ်းသတ်ရေး အသိပညာ ပေးဟောပြောခြင်း လုပ်ငန်းများကို မီးသတ်ဦးစီးအရာရှိ ဦးစိုးနိုင်ဦးဆောင်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)