အိမ်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် Mask Campaign ပြုလုပ် 

အိမ်မဲ ဖေဖော်ဝါရီ  ၁၈ 

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရန်အတွက် Mask Campaign ပြုလုပ်ခြင်းကို ယမန်နေ့ ညနေ ၄နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

အဆိုပါ ဆောင်ရွက်မှုတွင် အိမ်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းဇော်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီဝင်များ၊လူမှုရေးအသင်းအဖွဲ့များက မြို့နယ်အတွင်းသွားလာကြသည့်ပြည်သူများအား နှာခေါင်းစည်းအခု (၈၀၀ )ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။ 

အိမ်မဲမြို့နယ်တွင် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်၍ ကိုဗစ်-၁၉ ပိုးတွေ့လူနာ စုစုပေါင်း ဖေဖော်ဝါရီလ ၁၇ ရက်နေ့အထိ (၁၀၇)ဦးရှိကာ၊၎င်းတို့ထဲမှ လူနာ(၃၇)ဦးမှာ ဆေးရုံဆင်းခွင့်ရရှိပြီး ကျန်လူနာများအား အိမ်မဲမြို့နယ် ပြည်သူဆေးရုံ၊ ရွာသစ်တိုက်နယ်ဆေးရုံ၊ သရက်ကုန်းတိုက်နယ်ဆေးရုံတို့တွင် ထားရှိပြီး ဆေးဝါးများကုသနေကြောင်း သိရသည်။

 

ချစ်သက်လယ်(အိမ်မဲ)