အောင်လံ ဖေဖေါ်ဝါရီ ၁၇
မကွေးတိုင်းဒေသကြီး သရက်ခရိုင်၊ အောင်လံမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား လယ်ယာမြေဥပဒေ၊ နည်းဥပဒေများရှင်း လင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်လယ်ယာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးထွန်းလှအောင်က စိုက်ပျိုးရေးကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခြင်း၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာအိသန္တာက မွေးမြူရေးနှင့်ကုသရေးဆိုင်ရာ ကိစ္စရပ် များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်မြင့်က လယ်ယာမြေဥပဒေ၊ နည်းဥပဒေလုပ်ထုံးလုပ်နည်းများကို ရှင်လင်းပြောကြားပြီး တက်ရောက်လာသူများ၏ မေးမြန်း ဆွေးနွေးချက်များအပေါ် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)