လပွတ္တာ သြဂုတ် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးဌာနမှ mobile tablet အသုံးပြု၍ ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်း သင်တန်းကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က သင်တန်း ဖွင့်လှစ်ခဲ့သည်။
သင်တန်းတွင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးကျော်နိုင်ဦးက လပွတ္တာမြို့နယ်အတွင်းရှိ ပြည်သူ့ကျန်းမာရေး ကြီးကြပ်အဆင့်(၂) ဝန်ထမ်းများအား mobile tablet အသုံးပြု၍ ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် လည်းကောင်း၊ ကျန်းမာရေး သတင်းဆိုင်ရာ အချက်အလက်များ ဖတ်ရှု့ရာတွင် လည်းကောင်း၊ အသိပညာပေး ဟောပြောပွဲများတွင် အသုံးပြုရန်အတွက် လည်းကောင်း၊ ကျန်းမားရေးဆိုင်ရာ သတင်း အချက်အလက်များ အစီရင်ခံပေးပို့ရာတွင်လည်းကောင်း၊ လေ့ကျင့်သင်ကြား ပေးခဲ့ကြောင်း သိရသည်။
ထိုသင်တန်းကို ပြည်သူ့ကျန်းမာရေး ကြီးကြပ်အဆင့် (၂) ဝန်ထမ်းများ တက်ရောက်ပြီး သင်တန်းကာလမှာ ၅ ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်သည်။
သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ(၃၀)ဦး တက်ရောက်ခဲ့ကြပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များ နှင့်အညီ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဝင်းကျော်မြင့် (လပွတ္တာခရိုင် ပြန်/ဆက်)