သံတောင်ကြီးမြို့နယ်တွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသ

သံတောင်ကြီး     ဖေဖော်ဝါရီ   ၁၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နေ့ထူးနေ့ မြတ်နေ့များနှင့် အခါအားလျော်စွာ အသိပညာပေး နံရံကပ်စာစောင်များကို ပြသဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ပိုင်းက ရုံးရှေ့တွင် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင် ပြသဆောင်ရွက်ပေးခဲ့ သည်။

အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် လူကုန်ကူးခံရသည့် အမျိုးအစားများ၊ လူကုန်ကူးခံရပါက ဆက်သွယ်ရမည့် ဖုန်းနံပါတ်နှင့် နေရာများ၊ လူကုန်ကူးမှုမှန်သမျှ ဝိုင်းဝန်းဆန့်ကျင်ကြ၊ လူကုန်ကူးခံရ သူများစသည့် အကြောင်းအရာများ ထည့်သွင်းဖော်ပြထားပြီး ဒေသခံပြည်သူများ လူငယ်လူရွယ်များ၊ ကလေးသူငယ်များက စိတ်ပါဝင်စားစွာ လာရောက် ကြည့်ရှုကြကြောင်းသိရသည်။

နော်နော်မူ