သံတောင်ကြီးမြို့နယ် Community Centre တွင် Book / Club Youth  Club များက စာဖတ်ဝိုင်းပြုလုပ်

သံတောင်ကြီး  ဖေဖော်ဝါရီ  

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိရှိစေရန် ရည်ရွယ်၍ Book   Club / Youth Club အဖွဲ့ဝင်များက စာရေးဆရာတင်ဝင်းလှိုင်၏ "သင့်စိတ်ရင်းအတိုင်းသာလိုက်နာပါ"  စာအုပ်အား  မန်နေ့နံနက်(၁၀)နာရီအချိန်က  သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ စာဖတ်ဝိုင်း ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး နော်လော်မူက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စောဂေဒိုစိုး (Youth Club)အဖွဲ့ဝင်က စာအုပ်ပါအကြောင်းအရာဖြစ်သည့် သင့်စိတ်ရင်းအတိုင်းလိုက်နာပါ၊ ကျွန်တော်တို့သင်ခန်းစာယူဖို့များစွာရှိကြသည်၊ လောကကြီးကမျက်နှာသာမပေးပါ၊ သင့်နှလုံး  သားအတိုင်းလိုက်နာပါ စသည့်အကြောင်းအရာများအား ဖတ်ကြား‌‌ဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး နော်နိုးရင်း( Book  Club ) အဖွဲ့ဝင်က လူတွေကိုသင်ဘယ်လိုချစ်မလဲ၊ လောလောဆယ် သူတို့ကိုလက်ခံပါ၊ သင့်ဘဝနှင့်ရင်ဆိုင်တိုက်ခိုက်သောအခါ ဘဝကပင်အစဉ်အနိုင်ရသည်၊ ကျွန်တော်တို့၏ ဘဝပေးတာဝန်သည် ကမ္ဘာကိုပြောင်းလဲရန်မဟုတ်ပါ၊ကျွန်တော်တို့ ကိုယ် တိုင် ပြောင်းလဲရန်ဖြစ်သည် စသည့် အကြောင်းအရာများကို ဖတ်ကြားဆွေးနွေးခဲ့ပြီး တက်ရောက် လာသည့် Book   Club /  Youth  Club  အဖွဲ့များက စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးဖတ်ကြားခဲ့ကြောင်း သိရသည်။

နော်နော်မူ