ဟိုင်းကြီးကျွန်းမြို့တွင် သမိုင်းဝင်တန်ခိုးကြီး ဘုရားတစ်ဆူဖြစ်သော မဟာမကုဋရံသီဆံတော်ရှင်မြတ် မော်တင်စွန်းစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပသွားမည်

ဟိုင်းကြီးကျွန်း ဖေဖော်ဝါရီ ၁၇


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာတွင် တည်ထားကိုကွယ်တော်မူသော ရှေးဟောင်းသမိုင်း ဝင်မဟာမကုဋရံသီ ဆံတော်ရှင်မြတ် မော်တင်စွန်းစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကြီးနီးကပ်လာပြီး ပွင့်လင်းရာသီရောက်လာပြီဖြစ်၍ ဘုရားဖူးဧည့်သည်များနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ဆံတော်ရှင်မြတ် မော်တင်စွန်းစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို ၁၃၈၃ခုနှစ်၊ တပေါင်း လဆန်း၁(မတ်လ ၂)ရက်နေ့ မှ တပေါင်းလပြည့် ၁၅ရက်နေ့(မတ်လ ၁၆)ရက်နေ့အထိ (၁၅) ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် ရှေးဟောင်းသမိုင်း ဝင် ဆံတော်ရှင်မြတ်မော်တင်စွန်း စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို နှစ်စဉ်နှစ်တိုင်း အစဉ်အလာမပျက် ကျင်းပခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး၏ အထင်ကရပွဲတော်ကြီးဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးသာမက ကမ္ဘာလှည့်ခရီးသွားများပါ လာရောက်ကြသည့် ပွဲတော်ကြီးတစ်ခုလည်းဖြစ်ကြောင်း သိရသည်။

နွေးနွေးအောင်ကြွယ်