ပေါင်းတည် ဖေဖော်ဝါရီ ၁၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းအိုမီခရွန် ကူးစက်ပြန့်ပွားမှု မရှိစေရန်နှင့် ကြိုတင်ကာကွယ်နိုင်ရေး အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးထွန်းထွန်းကမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းအိုမီခရွန် မဖြစ်ပေါ်စေရန်အတွက် ဌာနဆိုင်ရာ ညွှန်ကြားချက်နှင့်အညီ နေထိုင်ကြရန်၊ မြိုနယ်စည်ပင်သာယာရေးအဖွဲ့မှ စျေးဆိုင်များ၊ စားသောက်ဆိုင်များ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းညွှန်ကြားချက်များနှင့်အညီ စနစ်တကျ ရောင်းချမှု ရှိ၊ မရှိ စစ်ဆေးရန်၊ Mask Capign တစ်ပတ်သုံးကြိမ်ပြုလုပ်ရန် Positive Center နှင့် Quarantine Center များ ပြင်ထားရန်၊ ယခုအခါ ခရီးသွားပြန်လာသူများတွင် စတင်တွေ့ရှိရသဖြင့် စိုးရိမ်စရာ အခြေအနေရှိလာပြီဖြစ်ကြောင်း ၎င်းရောဂါ ထပ်မံဖြစ်ပွားမှုမရှိစေရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်း၍ အမြန်ဆုံးဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ မြို့မိမြို့ဖများမှလည်း ရောဂါ ကာကွယ်ရေးအတွက် အစစအရာရာ ပြင်ဆင်ထားရန်နှင့် စုပေါင်းဆောင်ရွက်ကြရန် လိုပါကြောင်း၊ အထူးသဖြင့် အလှူအတန်း၊ ပွဲလမ်းသဘင်များအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ခွင့်ပြုပေးလျက်ရှိကြောင်းနှင့် ကျန်းမာရေး အသိရှိရန် လိုအပ်ကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် သက်ဆိုင်ရာဌာနတာဝန်ရှိသူများမှ တင်ပြဆွေးနွေးကြပြီး အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အေးအေးဆင့်(ပြန်/ဆက်)