လှိုင်းဘွဲ ဖေဖော်ဝါရီ ၁၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဒေသနေ ပြည်သူများ အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် စာဖတ်ဝိုင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ စာရေးဆရာချစ်စံဝင်း ရေးသားထားသော စိတ်ကောင်းရှိဖို့သည် ပထမ စာအုပ်ဖြင့် ယနေ့နေ့လည်(၁)နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ (တာဝန်ပေး) ဦးစောသော်တာလင်းသန့်က ကျောင်းသား/ကျောင်းသူများအနေဖြင့် စာဖတ်အားကောင်း မွန်ပြီး အသိပညာဗဟုသုတများ ရရှိစေရန်၊ စာပေမှရရှိလာသော အသိပညာဗဟုသုတများကို အသုံးချ တတ်စေရန်၊ တစ်ဦးနှင့်တစ်ဦး အသိပညာများ မျှဝေတတ်စေရန်နှင့် စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများက စိတ် ကောင်းရှိဖို့သည် ပထမ၊ ရိုးသားခြင်း၊ စိတ်ကို မကောင်းအောင် ပြုလုပ်သည့်အရာများ၊ စိတ်ကိုကောင်း အောင်ပြုလုပ်သည့် အရာများ၊ ထိုသူသာ အမြတ်ဆုံး၊ စိတ်ရင်းမကောင်းသူများ၏ ကုသိုလ်အကျိုး ပေးများသည် ကောင်းကောင်းမွန်မွန် စင်စင်ကြယ်ကြယ် မရှိ၊ လောက၌ မိမိစိတ်ကို ဖြူစင်အောင်ထား ရေးသည် အလွန်ပင်အရေးကြီးကြောင်း စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရ သည်။
စောဒိ(ပြန်/ဆက်)