ရေတာရှည်မြို့နယ်၌ အခြေခံပညာကျောင်းများသို့ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး နယ်လှည့် ကွင်းဆင်း ဆောင်ရွက်

ရေတာရှည်   ဖေ​ဖော်ဝါရီ      ၁၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးငယ်များအား အသိပညာဗဟုသုတရရှိစေရေး၊ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယနေ့အမှတ် () ရပ်ကွက်  အ.မ.က ကျောင်းနှင့် အမှတ်()ရပ်ကွက် အ.လ.က ကျောင်းများသို့ Mobile Library ဖြင့် ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးဆုစံက  စာအုပ်စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများအား ရှင်းလင်း ပြောကြားခဲ့ပြီး ဝန်ထမ်းများက ကိုယ်ကာယဉာဏ်စွမ်းရည်များဖွံ့ဖြိုးစေရေး၊ အချင်းချင်း ပူးပေါင်း ဆောင်ရွက်တတ်စေရေး၊ တစဦးနှင့် တစ်ဦး ချစ်ခင်ရင်းနှီးမှုများ ရရှိစေရေး ရည်ရွယ်ကာ ရုပ်ပုံပြစာအုပ်နှင့် စက္ကူပြဇာတ်၊ ဘုတ်ပြားပြဇာတ်များဖြင့် ပုံ​ပြောခြင်း၊ ကဗျာ ရွတ်၍ ကိုယ်လက်လှုပ်ရှား​ ဆောင်ရွက်မှုများအား ကျောင်းသား၊​ ကျောင်းသူများနှင့် အတူတစ်ကွ ပြုလုပ်ခဲ့သည်။

ထို့​နောက် ကလေးငယ်များ စာဖတ်သည့် အလေ့အထများရရှိစေရန် စာဖတ်ဝိုင်းနှင့် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး၊ မူးယစ်​ဆေးဝါးအန္တရာယ် အသိပညာပေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များ ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)