သနပ်ပင် သြဂုတ်၂၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်၊ မြို့နယ်တွင် Covid-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ယနေ့ နံနက် ၁၁ နာရီအချိန်က သနပ်ပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အစည်းအဝေးတွင် သနပ်ပင်မြို့နယ် Covid 19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်းမှ ယခုလက်ရှိဖြစ်ပေါ်နေသော Covid 19 ကပ်ရောဂါအား ကြိုတင်ကာကွယ်နိုင်ရေးအတွက် မိမိတို့ သနပ်ပင် မြို့နယ်အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ နေထိုင်ကြ ရန်၊ အဓိကတော့ မြို့မစျေး၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များ၊ စျေးရောင်းစျေးဝယ် ပြုလုပ်နေသော ပြည်သူများ အနေဖြင့် လက်ဆေးခြင်း ၊ Mask အား စနစ်တကျတပ်ဆင်ပြီးမှ ရောင်းဝယ်မှုပြုလုပ်ရန်၊ စသည့် စည်းကမ်းချက်များအား လိုက်နာဆောင်ရန် မြို့နယ်ရောဂါထိန်းချုပ်ရေးနှင့် ကော်မတီအဖွဲ့ဝင်များမှလည်း ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လိုအပ်သည်များကို ပူးပေါင်း၍ ဆောင်ရွက်ပေးကြ လိုကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်လာသော ဌာနဆိုင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတို့မှ Covid 19 ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ စီစဉ်ဆောင်ရွက်ထားရှိမှုများကို ဆွေးနွေးရှင်းလင်း တင်ပြခဲ့ကြကြောင်း သိရှိရသည်။
လှမိုး(ပြန်/ဆက်)