ကဝ ဩဂုတ် ၂၇
စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကဝမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ကျင်းပပြုလုပ်သော ၂၀၂၀-၂၀၂၁ ခုနှစ် လုပ်ငန်းရာသီနှစ်အတွက် ဂရန်အင်းများ ကြမ်းခင်းဈေး ပြင်ဆင် ရောင်းချခြင်း အခမ်းအနားကို ယနေ့နေ့လည် (၁)နာရီက ကဝမြို့ ငါးလုပ်ငန်း ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပဲခူးခရိုင် ငါးလုပ်ငန်း ဦးစီးဌာနမှူး ဦးဇော်မြင့်နိုင်မှ ဂရန်အင်းများ ကြမ်းခင်းဈေး ပြင်ဆင်ရောင်းချခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကဝမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးထိန်ဝင်းမှ ဂရန်အင်းများနှင့် လေလံ စည်းကမ်း ချက်များအား ရှင်းလင်း ပြောကြားသည်။
ထို့နာက် ၂၀၂၀-၂၀၂၁ ခုနှစ် လုပ်ငန်းရာသီနှစ်အတွက် ဂရန်အင်းများကြမ်းခင်းဈေး ပြင်ဆင်ရောင်းချပြီး မွန်းလွဲ (၂)နာရီ တွင် အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ကြောင်း သိရသည်။
ချစ်နှင်းသုန်(ပြန်/ဆက်)