တနင်္သာရီမြို့တွင် ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇပြောင်း ရောဂါပိုး ထိန်းချုပ်နိုင်ရေး Mask Campaign ပြုလုပ်ပေး

တနင်္သာရီ ဖေဖော်ဝါရီလ ၁၆

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးနိုင်၏ လမ်းညွှန်မှုအရ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုးစောင့်ကြပ် ထိန်းချုပ်နိုင်ရေးနှင့် ဒေသခံမိဘပြည်သူများနှင့် ခရီးသွားပြည်သူများနေဖြင့် နေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကိုစနစ်တကျ တပ်ဆင်သည့်အလေ့အထများ လိုက်နာကျင့်သုံးစေရေး ရည်ရွယ်လျက် (Mask)များ အခမဲ့ဖြန့်ဝေပေး၍ Mask Campaign အား အရှိန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇နာရီ၃၀အချိန်က မြို့မရဲစခန်း လမ်းဆုံနေရာနှင့် ချောင်းငယ်ရပ်ကွက် အာယုလမ်းဆုံနေရာတို့တွင် ပူးပေါင်းအဖွဲ့(၂)ဖွဲ့ခွဲပြီး Mask Campaign ပြုလုပ်ပေးကြောင်း သိရသည်။

၎င်း Mask Campaign ပြုလုပ်ရာတွင် မြို့နယ်အထွေ‌ထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုဦးစီးမှူးဦးတင်ထွန်းအောင်နှင့် ဦးမျိုးပြည့်ထွန်းတို့ ကြီးကြပ်လျက် ရဲတပ်ဖွဲ့၊ ကျန်းမာရေးဌာန ၊မီးသတ်တပ်ဖွဲ့ ၊ပြန်/ဆက်ဦးစီးဌာန၊ မြန်မာ့ဆက်သွယ်ရေး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ချောင်းကြီးရပ်ကွက်၊ ချောင်းငယ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါသောပူးပေါင်းအဖွဲ့များမှ အဖွဲ့(၂)ဖွဲ့ခွဲ၍ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များဖြင့် ခရီးသွားမိဘပြည်သူများနှင့် ဈေးဆိုင်ရောင်းချနေသူများထံ (Mask)များ (အခမဲ့) ဖြန့်ဝေပေးကြပြီး ပါးစပ်နှင့်နှာခေါင်းစည်း (Mask) စနစ်တကျတပ်ဆင်ရေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးကြောင်း လက်မှတ်ကို တပါတည်း ယူဆောင်လာရေး၊ ကာကွယ်ဆေးမထိုးနှံရသေးသူများကို ကာကွယ်ဆေးထိုးအကြိမ်ပြည့် ထိုးနှံရေးစသဖြင့် အသိပညာပေးမှာကြား‌ကြကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)