တောင်ငူ ဖေဖော်ဝါရီ ၁၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြိုနယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသူများအား ကာကွယ် ဆေးထိုးစုရပ် အမှတ် ၅ ရပ်ကွက် ကေလဇာတီဘုရားဝန်းနှင့် ဂယ်ခိုဂယ်ဘား ခရစ်ယာန်ကျောင်းတိုတွင် မြိုနယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းအဖွဲများက ယနေ့နံနက်ပိုင်းက ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ လာရောက်ထိုးနှံသူ များပြား လျက်ရှိကြောင်း သိရသည်။
ထိုသို့ထိုးနှံပေးရာ၌ ဆေးထိုးသတ်မှတ်ရက်များအလိုက် ဒုတိယအကြိမ်မြောက် ထိုးနှံမည့်သူများအတွက် အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်ရေးအတွက် ဆေးထိုးစုရပ်များရှိ တာဝန်ကျ ဝန်ထမ်းများက ကူညီဆောင်ရွက်ပေးပြီး အလှည့်ကျစနစ်ဖြင့် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။
တောင်ငူမြိုနယ်အတွင်း အသက် ၁၈ နှစ်မှ အသက် ၆၀ နှစ်အတွင်း ကာကွယ်ဆေး တစ်ကြိမ်မှ ထိုးနှံခြင်း မပြုလုပ်ရသေးသူများအား ဆေးထိုးစုရပ်များ၌ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ လာရောက်ထိုးနှံသူ ၃၀၀ ကျော်ရှိကြောင်း၊ ထိုပြင် ကာကွယ်ဆေး တတိယအကြိမ်မြောက် လာရောက်ထိုးနှံသူများအား အလှည့်ကျစနစ်ဖြင့် စနစ်တကျ ထိုးနှံပေးလျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးမှု လွှမ်းခြုံရာခိုင်နှုန်းအရ တစ်မြိုနယ်လုံးအနေဖြင့် ၆၀ ရာခိုင်နှုန်းရှိကြောင်း မြိုနယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ဇော်ထက်