ကလိန်အောင် ဖေဖော်ဝါရီ ၁၆
ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ (Book Club) စာအုပ်စာပေချစ်မြတ်နိုးသူများအသင်းနှင့် (Youth Club)လူငယ်အသင်းတို့ ပူးပေါင်း၍ စာရေးဆရာ “ချစ်နိုင်(စိတ်ပညာ)” ရေးသားထားသည့် “လူငယ်နှင့် အခွင့်အလမ်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ကလိန်အောင်မြို့ ပြန်ကြားရေးရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ ဦးစီးမှူး ဒေါ်မိုးမိုးခိုင်က ပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်း များရရှိစေရေး၊ လူငယ်များအနေဖြင့် စာဖတ်ဝိုင်းများ ဆောင်ရွက်ပေးခြင်းဖြင့် ပြောဆိုဆွေးနွေးသည့် အခွင့်အလမ်းများ ရရှိစေရေး၊ အသိပညာဗဟုသုတများ မျှဝေနိုင်ရေးနှင့် စာပေချစ်မြတ်နိုးသူများ ရင်းနှီးမှုရရှိစေရေး ရည်ရွယ်၍ စာဖတ်ဝိုင်း ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး စာရေးဆရာ “ချစ်နိုင်(စိတ်ပညာ)” ရေးသားထားသော “လူငယ်နှင့် အခွင့်အလမ်း” စာအုပ်ပါ ပညာပေးဆောင်းပါးများကို (Book Club) စာအုပ်စာပေ ချစ်မြတ်နိုးသူများသင်းအဖွဲ့ဝင် ဒေါ်မိုးမိုးအေးနှင့် စာပေဝါသနာရှင် ဒေါ်ခက်ခက်မိုး၊ ဒေါ်သက်သက်ဆွေနှင့် ဦးသူရလင်းမောင်တို့က စာအုပ်ပါ အသိပညာပေး ဆောင်းပါး အကြောင်းအရာများနှင့်ပတ်သက်၍ ၎င်းတို့၏ အတွေးအမြင်၊ အသိများကို အသီးသီး အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ဆွေးနွေးပွဲများကို ဖွဲ့စည်းထားသော Club အဖွဲ့များနှင့်လည်းကောင်း၊ စာပေဝါသနာရှင်များ နှင့်လည်းကောင်း လစဉ် ပြုလုပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မိုးမိုးခိုင်