သာယာဝတီမြို့နယ် ကြက်ခြေနီအသင်းခွဲ အခြေခံရှေးဦးပြုစုခြင်းသင်တန်း ၁/၂၂ ဖွင့်ပွဲ အခမ်းအနား ကျင်းပ

သာယာဝတီ ဖေဖော်ဝါရီ ၁၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် တိုင်းဒေသကြီး ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ၊ ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့၏ လမ်းညွှန်မှု၊ သာယာဝတီ မြို့နယ် ကြက်ခြေနီအသင်းခွဲတို့၏ ကြီးကြပ်မှုဖြင့် အခြေခံရှေးဦးပြုစုခြင်း သင်တန်း (၁/၂၀၂၂) ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကရုဏာရှင်(သုံးဆယ်မြို့)အသင်းရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ သင်တန်းဖွင့်ပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းဟိုက အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌနှင့် အမှုဆောင် အဖွဲ့၀င်များ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ဖွဲ့မှူးနှင့် အရာရှိအရာခံများ၊ တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီစေတနာလုပ်အားရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ သင်တန်းနည်းပြများ၊ သင်တန်းသား(၃၀)ဦး တက်ရောက်ခဲ့ကြသည်။

သင်တန်းတွင် ကြက်ခြေနီနည်းပြများမှ ရှေးဦးပြုစုခြင်း၊ လူနာသယ်ဆောင်ခြင်း ဘာသာရပ်များ သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းကာလမှာ ဖေဖေါ်ဝါရီ (၁၅) ရက်မှ (၁၇) ရက်အထိ (၃) ရက် တာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သန့်ဇော်(သာယာဝတီ)