မိုးညို ဖေဖော်ဝါရီ ၁၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများ၏ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာလင်းနှင့် စာထောက်-၃၊ ဒေါ်အေးအေးဟန်တို့က ဝန်ထမ်းများ လုပ်ငန်းခွင်တွင် သိရှိလိုက်နာ ဆောင်ရွက်ကြရမည့် ပြည်ထောင်စုရာထူးဝန်အဖွဲ့က ထုတ်ပြန်ထားသည့် ဝန်ထမ်းကျင့်ဝတ် စာအုပ်အခန်း(၁)ပါ ဝန်ထမ်းများ လိုက်နာရမည့် တာဝန်များအား ဖတ်ကြားဆွေးနွေးခြင်း၊ အခန်း(၂)ဝန်ထမ်းစည်းကမ်းများအား ဓာတ်ပုံကျွမ်းကျင်-၂ ဦးအောင်မင်းနိုင်နှင့် ရုပ်သံကျွမ်းကျင်-၃ ဦးဇော်ထက်အောင်တို့က ဖတ်ကြားဆွေးနွေး ခဲ့ကြပြီး မြို့နယ်ဦးစီးမှူးက မိမိတို့ဝန်ထမ်းများအနေဖြင့် ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာ ဆောင်ရွက်ကြရန် စာဖတ်ဝိုင်းဆွေးနွေးပွဲများ ဆောင်ရွက်ခြင်းဖြင့် ဝန်ထမ်းတိုင်း သိရှိသင့်သည့် အချက်များကိုမမေ့မလျော့ ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ဝန်ထမ်းအချင်းချင်း သိရှိထားသည်များကို ပြန်လည်မျှဝေပေး သွားနိုင်မည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)