ကြာအင်းဆိပ်ကြီး ဖေဖော်ဝါရီ ၁၅
ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာများနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များအား အများပြည်သူနှင့် ကလေးမိဘအုပ်ထိန်းသူ များ လေ့လာမှတ်သား သိရှိနိုင်စေရေးအတွက် ကလေးသူငယ်အခွင့်အရေးများနှင့် ပတ်သက်၍ သိမှတ်ဖွယ်အကြောင်း အရာများအား နံရံကပ်စာစောင် ဓာတ်ပုံများ ခင်းကျင်း ပြသခြင်းကို ယနေ့ နေ့လယ်ပိုင်းအချိန်က ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်း ဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်လူထု အခြေပြု ဗဟိုဌာန (Community Centre) ခန်းမရှေ့၌ ပြသခဲ့ကြောင်း သိရသည်။
အဆိုပါ နံရံကပ်စာစောင်နှင့် ဓာတ်ပုံများ၌ ကလေးအလုပ်သမား ပပျောက်ရေးနှင့် ပတ်သက်၍ ကလေးသူငယ်များ၏ အခွင့်အရေးများ ကလေးငယ်များအား မတရား ခေါင်းပုံဖြတ် စေခိုင်းမှုများ နှိပ်စက်မှုများနှင့် ကလေးသူငယ်များ၏ အခွင့်အရေးနှင့် ပတ်သက်၍ ရပိုင်ခွင့် ပညာသင်ကြားခွင့် လွတ်လပ်စွာ နေထိုင်ခွင့်စသည်များနှင့် ဥပဒေ ဆိုင်ရာ ပြဋ္ဌာန်းချက်များအား စာစောင် ဓာတ်ပုံများဖြင့် နံရံကပ်ဘုတ်တွင် အများပြည်သူများ လေ့လာမှတ်သားသိရှိနိုင်စေရေးအတွက် ခင်းကျင်းပြသထားကြောင်း သိရသည်။
မျိုးမင်းဦး