ကျောင်းကုန်းမြို့တွင် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ စည်ကားစွာကျင်းပ

ကျောင်းကုန်း ဖေဖော်ဝါရီ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ကျောင်းကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့်  မြန် မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယမန်နေ့ညနေ ၄ နာရီအချိန်ခန့်က ကျင်းပခဲ့သည်။

အဆိုပါ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲသို့မြို့ပေါ်(၅)ရပ်ကွက်နှင့် မြို့နယ်ဌာနဆိုင်ရာများစုပေါင်း၍ပြိုင်ပွဲဝင် သင်း (၁၁)သင်းဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်     ပြိုင်ပွဲဝင်အသင်းများအနေဖြင့် ဒယ်အိုး၊ ချက်ပြုတ်ရာတွင် အသုံးပြုမည့် ပစ္စည်းကိရိယာများ၊ ကောက်ညှင်းဆန်(၄)ပြည်နှင့် ထမနဲထိုးရာတွင် ထည့်သွင်းရမည့်ပစ္စည်း များ  ယူဆောင်လာရမည်ဖြစ်သည်။

ပြိုင်ပွဲမစတင်မီ အမှတ်ပေးဒိုင်အဖွဲ့ကထမနဲထိုးရာတွင် အသုံးပြုမည့် ပါဝင်ပစ္စည်းများ အားလိုက်လံစစ် ဆေး ခဲ့ပြီး၊  ပြိုင်ပွဲကိုအချိန်(၁)နာရီ သတ်မှတ်ပေးခဲ့သည်။ အမှတ်ပေးစည်းမျဉ်းမှာ ဝတ်စားဆင်ယင်မှုကို(၁၀)မှတ်၊ အဖွဲ့၏စည်းလုံးညီညွတ်မှုကို (၁၅) မှတ်သန့်ရှင်းမှုနှင့် ကျန်းမာရေးညီညွတ်မှုကို (၁၅)မှတ်၊ ပါဝင်ပစ္စည်း ပြည့်စုံမှုကို(၂၀)မှတ်၊ အရောင်၊ အနံ့၊ အရသာကောင်းမွန်မှုကို (၂၀)မှတ်နှင့်သတ်မှတ်အချိန်တွင်းပြီးစီးမှုကို (၂၀)မှတ်၊ စုစုပေါင်း(၁၀၀)မှတ် သတ်မှတ်ကာ အကဲဖြတ်အမှတ်ပေးခဲ့ကြရာ အမှတ်(၅)ရပ်ကွက်က ပထမ၊ အ မှတ်(၂)ရပ်ကွက်က ဒုတိယနှင့် လျှပ်စစ်၊ စီး/ဘဏ်၊ အခွန်၊ ပြန်/ဆက်၊ ဆသရ၊ စားသုံးသူနှင့်သစ်တောက တတိယအသီးသီးရရှိခဲ့ကြသည်။

ပြိုင်ပွဲအပြီးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)ဦးတင်မောင် က ဆုရရှိကြသည့်အသင်းများအား  ကြေညာခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှုး ဦးစိုးဝင်း က မြန်မာ့ရိုးရာ  ထမ နဲထိုးခြင်းသည် စည်းလုံးညီညွတ်မှုကို အခြေခံ၍စုပေါင်းအင်အားဖြင့် အောင်မြင်အောင် အကောင်အထည် ဖော်ဆောင်ရွက်ခြင်းကို ဖော်ဆောင်ခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်အသင်းများအားလုံးကို ကျေးဇူးတင်ရှိ ပါ ကြောင်းပြောကြားခဲ့သည်။ ပထမဆုကို ငွေကျပ်(၁)သိန်း၊ ဒုတိယဆုကို ငွေကျပ်(၇)သောင်းနှင့်တတိယဆု ကို ငွေကျပ်(၅)သောင်းဖြင့် တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)