နတ်မောက် ဖေဖော်ဝါရီ ၁၅
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်း များ ပူးပေါင်းကာ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါပိုးသတိပြုကာကွယ် နိုင်ရန် အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့ နံနက်(၁၀) နာရီအချိန်ခန့်က နတ်မောက်မြို့ပေါ် (၇) ရပ်ကွက်ရှိ လမ်းများအတွင်းသို့ လှည့်လည်နှိုးဆော်ခဲ့သည်။
ထိုသို့ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် နတ်မောက်မြို့နယ်အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါပိုးအကြောင်းကို သတိပြုမိကြစေရန်နှင့် ပြည်သူများ အနေဖြင့် လူစုလူဝေးမှရှောင်၍ တက်နိုင်သမျှအိမ်တွင်း၌သာ နေထိုင်ကြရန်၊ နေအိမ်ပြင်ပသို့ သွားရောက်ရန်ရှိပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်ကြရန်၊ လက်ကို စက္ကန့်(၂၀)ကြာ မကြာခဏစနစ်တကျ ဆေးကြောရန်၊ တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေထိုင်ကြရန်၊ နှာခေါင်းစည်း(Mask) မတပ်ဆင်ပါက ဒဏ်စနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပါးစပ်နှင့် နှာခေါင်းစည်း မတပ်ဆင်ထားသော စျေးရောင်းသူများ ထံမှ စျေးမဝယ်ကြရန်နှင့် တစ်ဦးနှင့် တစ်ဦး အချင်းချင်း အသိပေးရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းတို့ကို အထူးဂရုပြု ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်၊ ကာကွယ်ဆေး ထိုးနှံပြီးသော်လည်း ကာကွယ်ရေးနည်းလမ်းများကို ဆက်လက်လိုက်နာကြရန်၊ သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့် အညီ တိကျစွာလိုက်နာ ဆောင်ရွက်ကြရန်၊ မိမိတို့၌ ရောဂါပိုးကူးစက်သည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာန များသို့ ဆက်သွယ်အကြောင်းကြားရန် စသည့်အချက်များကို မြို့ပေါ်(၇) ရပ်ကွက်ရှိလမ်းများ အတွင်းသို့ အသံချဲ့စက်ဖြင့် လှည့်လည်၍ လိုက်လံအသိပေး နှိုးဆော်ခဲ့ကြကြောင်း သိရသည်။
လှဝင်း