မိုးညို ဖေဖော်ဝါရီ ၁၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ (Community Centre)တွင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများနှင့် Book Club အဖွဲ့၀င်များ၏ စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီကဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးမှူးဒေါ်စန္ဒာလင်းက စာဖတ်ဝိုင်း ကျင်းပပြုလုပ် ရခြင်းနှင့် ဝန်ထမ်းများ စာပေဗဟုသုတ အတွေးအခေါ်များ ရင့်သန်ပြီး ပြည်သူများအား စာပေဗဟုသုတများ တစ်ဆင့် ပြန်လည်မျှဝေပေးနိုင်ရန် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားပြီးစာအုပ်ပါ အကြောင်းအရာများအား စတင် ဆွေးနွေးသည်။
ဆက်လက်၍ စာရေးဆရာ `` အရှင်ဝရဗုဒ္ဓိ (ဓမ္မခရီးဖော်)´´၏ ``စိတ်နှလုံးအေးချမ်းပါစေ´´ စာအုပ်ပါ အလုပ်ဟူသမျှ ဂုဏ်ရှိစွာ ခေါင်းစဉ်ပါ အကြောင်းအရာအား Book Club အဖွဲ့၀င် ဦးဝင်းတင်က ဆွေးနွေးသည်။
ထို့နောက် Book Clubအဖွဲ့၀င် ဦးစံလင်းက စိတ်နှလုံးအေးချမ်းပါစေ ခေါင်းစဉ်ဖြင့် ဖတ်ကြားဆွေးနွေးခဲ့ပြီး ရုပ်သံ-၃ ဦးဇော်ထက်အောင်က စိတ်ချမ်းသာချင်ရင် အတွေးကိုပြင်ပါ ခေါင်းစဉ်ဖြင့် ဖတ်ကြားဆွေးနွေးရာ ဝန်ထမ်းများနှင့် တက်ရောက်လာသူတို့က အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)