ထန်းတပင် ဖေဖော်ဝါရီ ၁၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ထန်းတပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးဝန်းအတွင်း မြန်မာ့ရိုးရာ စုပေါင်း၍ ထမနဲထိုးပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က အဆိုပါ ရုံးဝန်းအတွင်း၌ ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက် များနှင့်အညီ ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါ မြန်မာ့ရိုးရာစုပေါင်းထမနဲထိုးပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမြင့်ဦးဆောင်၍ ဌာနဆိုင်ရာများ၊မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ ဝန်ထမ်းများ စုပေါင်း၍ စည်းစည်းလုံးလုံးဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်တတ်စေ ရန်ရည်ရွယ်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)