ပြည်ကြီးမဏ္ဍိုင် ဖေဖော်ဝါရီ ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် ကိုဗစ်-၁၉ရောဂါကူးစက်ပြန့် ပွားမှုမဖြစ်ပေါ် စေရေးနှင့် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန်ရောဂါက ကြိုတင်ကာကွယ်နိုင်ရန်အသိ ပေးနှိုးဆော်ခြင်း လုပ်ငန်းကို ယနေ့နံနက် (၁၀)နာရီအချိန်မှစ၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များအတွင်း အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေးနှိုးဆော်မှု ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူး စက်ပျံ့ပွားမှု နှုန်းသည် ယခင်ကထက်လျော့နည်းလာပြီသော်လည်း ရောဂါကင်းစင် ပပျောက်မှု မရှိသေးသည့် အပြင် ယခုအခါ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ် နိုင်ရန်အတွက် မိဘပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး နေအိမ်အတွင်း၌သာ နေထိုင်ရန်၊ အိမ်တွင် ဧည့်သည်လက်ခံခြင်း လုံးဝမပြုရန်နှင့် မိမိကိုယ်တိုင်လည်း ဧည့်သည်အဖြစ် သွားရောက်ခြင်း လုံးဝမပြုရန်၊ နေအိမ်ပြင်ပသို့ မဖြစ်မနေထွက်ခွါပါက (Mask)နှာခေါင်းစည်းစနစ် တကျတပ်ဆင်ရန်၊ သက်ကြီးရွယ်အိုနှင့် နာတာရှည်ရောဂါဝေဒနာရှင်များရှိရာ နေအိမ်များသို့ဝင်ထွက်သွားလာခြင်း ဂရုပြုရန်၊ လေဝင်လေထွက် မကောင်းသောအခန်းများသို့ သွားရောက်ခြင်းမှ ရှောင်ကျဉ်ရန် တစ်ဦးနှင့် တစ်ဦးခပ်ခွာ ခွာနေထိုင်ကြရန်၊လူစုလူဝေး ရှောင်ရှားကြရန်၊ လက်ကို ဆပ်ပြာနှင့် စက္ကန့်(၂၀)ကြာ မကြာခဏ စနစ်တကျဆေးကြောရန် ၊(Mask)နှာခေါင်းစည်း မတပ်ဆင်ထားသော ဈေးရောင်းချ သူများထံမှ ဈေးမဝယ်ကြရန်၊ အသုံးပြုပြီးသော (Mask)နှင့် တစ်ခါသုံးပစ္စည်းများကို နေအိမ်အပြင်တွင် စနစ်တကျ စွန့်ပစ်ရန်၊ အဝတ်အစားမလဲမီ ကိုယ်လက်သန့်စင်ခြင်း မပြုမီ အိမ်သားများနှင့် အနီးကပ် ရှောင်ကျဉ်ရန်စသည်တို့ကိုအသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ထို့အပြင် မိမိအနေဖြင့် ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ သွားရောက်၍ ဆေးကုသမှု ခံယူရန်၊ကိုဗစ်-၁၉ရောဂါပိုးကူးစက်ပြန့်ပွားမှုမှကြိုတင်ကာကွယ်နိုင်ရန် မိဘပြည်သူများအနေဖြင့်လည်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို စနစ်တကျပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်တို့ကို အသိပညာပေး နှိုးဆော်တိုက်တွန်းခဲ့ကြောင်း သိရှိရသည်။
ကေခိုင်ဝင်း