သဲကုန်း ဖေဖော်ဝါရီ ၁၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းသားလူငယ်များ၊ စာဖတ်ပရိတ် သတ်များ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ပြည်သူများအား အသိပညာပေးအစီ အစဉ်များကို Online မှတစ်ဆင့် ရိုက်ကူးထုတ်လွှင့်ပေးလျက် ရှိကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် အသိပညာပေးလုပ်ငန်းများဖြစ်သည့် ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စာအုပ်မိတ်ဆက် ခြင်း၊ အရုပ်ခေါက်ပြခြင်း အစီအစဉ်များ၊ ပြည်သူများအားအသိပညာပေး Talk Show အစီအစဉ်များအပြင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ပြည်သူသို့ အသိပေးပန်ကြားချက်များကိုလည်း ဒေသခံတိုင်းရင်းသား ပြည်သူများ သိရှိလိုက်နာစေရန်အတွက် ကရင်၊ မြန်မာနှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်ခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အဆိုပါ အစီအစဉ်များအား သဲကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက် page တွင် ဝင်ရောက် ကြည့်ရှုနိုင်ကြောင်း သိရသည်။
ချစ်နှင်းသုန်(ပြန်/ဆက်)