အုတ်ဖို ဖေဖော်ဝါရီ ၁၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အေးမြသာယာကျေးရွာအုပ်စုတွင် ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှု မရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့် ယနေ့နံနက်ပိုင်းက လူစည်ကားရာနေရာများ၌ Mask တပ်ဆင်ထားခြင်း မရှိသူများအား မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ ပြန်ရေးကော်မတီက Mask တပ်ဆင်သွားလာကြစေရန် ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အဆိုပါဆောင်ရွက်မှုတွင် အေးမြသာယာတိုက်နယ် ဆေးရုံဆရာဝန် ဒေါက်တာဒေါ်သီရိရွေစင်လှိုင်နှင့် ကျန်းမာရေး ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များက အေးမြသာယာ အုပ်စုအတွင်ရှိ လူစည်ကားရာနေရာများနှင့် စျေးတို့တွင် Mask တပ်ဆင်ထားခြင်းမရှိသူများအား Mask စနစ်တကျ တပ်ဆင် သွားလာစေရေးနှင့် စျေးဆိုင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ရောင်းချ စေရေး သတိပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်သူ(အုတ်ဖို)