ဝါးခယ်မ ဖေဖော်ဝါရီ ၁၅
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ယမန်နေ့ နံနက်(၈)နာရီက စပါးရိုကျေးရွာအုပ်စု ရှိပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေး ကျေးရွာများအရောက် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင်မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ် ဦးစီးမှူး ဦးကျော်စိုး၏ဦးဆောင်မှုဖြင့်ဝန်ထမ်းများက အဖွဲ့များခွဲကာ စပါးရိုကျေးရွာရှိပြည် သူများအား နိုင်ငံသားစိစစ်ရေး ကတ် အသက် (၁၀) နှစ်ပြည့် (၇၂)ဦး၊ အသက် (၁၈)နှစ်ပြည့် (၂၁၂) ဦး၊ လဲလှယ်(၁)ဦး၊ မိတ္တူ(၇)ဦး စုစုပေါင်း (၂၉၂)ဦးအား ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်းသိရသည်။
စောသန္တာဦး(ပြန်/ဆက်)